ဒီစာရေးနေတဲ့ အချိန်ဆိုရင် သမီးလေးနဲ့ အပါးတို့ ဝေးနေရတာ ၁နှစ် ကျော်ပြီနော်။ အပါးတို့ သမီးလေးကိုနေတိုင်း သတိရနေခဲ့ရတယ် သမီးလေးရယ်။ ၃နှစ်မပြည့်ခင်မှာ မိဘနဲ့ဝေးနေရတဲ့ အပါးရဲ့ သမီးလေး အခုဆိုရင် ၄နှစ် ကျော်ခဲ့ပြီနော်။ သမီးလေးငယ်စဉ် ကအကြောင်းတွေကို အပါးအခုထိ သတိရနေတုန်းဘဲ။
သမီးလေးမွေးကင်းစ ၁၄ရက် တောင်မပြည့်သေးခင်မှာ သမီးလေးရဲ့ ဗိုက်ချက်နားမှာရောင်နေလို့ အပါးကိုယ်တိုင် ၁၀ရက်တိတိ မနက်၁ကြိမ် ည၁ကြိမ် ဆေးခန်းမှာ ဆေးသွားထိုးပေးခဲ့ရတယ်လေ။ အဲ့ဒီ့အချိန်ကဆိုရင် အပါးရင်ထဲမှာ မျက်ရည်တွေ စီးကျခဲ့ရတယ်။
သမီးလေး၃လကျော် ၄လအရွယ်ကျတော့ အပါးတို့ ညညဆိုရင် ၄နာရီ ၅နာရီမှအိပ်ရတယ်။ ဘာလိုလဲဆိုတော့ သမီးလေးက ညညဆိုရင်လုံးဝကို မအိပ်တာ။ အပါးက သမီးလေးကိုချီ အမီးက မတ်တပ်ရပ်လမ်းလျှောက်ပြီး ညညဆိုနို့တိုက်ခဲ့ရတာ။
သမီးလေး ၁နှစ်လည်းကျော်ရော လည်ပင်းမှာအကျိတ်ပေါက်ပြီး ညနေညနေဆိုရင်ကိုယ်တွေပူပြီး ဖျားဖျား လာလို့ဆေးခန်းပြတော့ တီဘီ စဆပိုက်ဆိုပြီးတော့ ၆လလောက်တီဘီဆေးတွေ သောက်ခဲ့ရတယ်။

(ဆက်လက်ရေးသားပါမည်)